27
Fri, Apr
674 New Articles

မြိုင်မြို့နယ် ကျောက်ဖူးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၈)လုံးနှင့် ဓမ္မာရုံ (၁)လုံး ပျက်စီး

လေပြင်းတိုက်ခိုက်ပြီးနောက်ကူညီမှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ--MOI) Environment, Disasters & Accidents

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဝက်ကျကျေးရွာအုပ်စု၊ ကျောက်ဖူး ကျေးရွာတွင် ဧပြီ ၁၄ ရက်နေ့ ည ၁ဝ နာရီ ၅၅ မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၈ လုံး နှင့် ဓမ္မာရုံ ၁ လုံး သွပ်မိုး အချို့ လန်၍  ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှယနေ့သတင်းထုတ်ပြန်သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ၁၂ ပေသွပ် (၃၅၂)ချပ်၊ ၁ဝ ပေ သွပ် (၄)ချပ်၊ စုစုပေါင်း (၃၅၆)ချပ် ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် လေလန်အိမ်များမှ မိသားစုဝင်များ အနေဖြင့် နေရာပြောင်းရွှေ့မနေကြဘဲ မိမိတို့ နေအိမ်တွင်သာ ပြန်လည်ပြုပြင်၍ နေထိုင်လျက်ရှိကြောင်း သိရသည်။  (Xinhua)