15
Sun, Jul
807 New Articles

ဆမ်ဆောင်း ဆားဗစ်စင်တာ မီးလောင်မှုဖြစ်ပွား

မီးလောင်ကျွမ်းခဲ့သော ဆမ်ဆောင်း ဆားဗစ်စင်တာအား တွေ့ရစဉ်(ဆင်ဟွာ) Environment, Disasters & Accidents

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊အမှတ် ၂ ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်း ဆားဗစ်စင်တာသည် ယနေ့ နေ့လည် ၂နာရီ ၅၀မိနစ်တွင် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

“ ခု မီးငြိမ်းသွားပါပြီ၊ ဆုံးရှုံးမှုတန်ဖိုးမများပါဘူး၊ ဘယ်ကနေ စလောင်တာလဲ စစ်ဆေးနေတုန်းပါ” ဟု မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းခဲ့သော ဆမ်ဆောင်း ဆားဗစ်စင်တာအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနက level1 ယာဉ်အုပ်စုများ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ပြီး နေလည် ၃နာရီ ၁၀မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃နာရီ ၁၃ မိနစ်တွင် မီးအပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

(Xinhua)