15
Fri, Feb
665 New Articles

ဒီးမော့ဆိုမြို့နယ် အတွင်း စိုက်ပျိုးပြီး လယ်ယာ ၁၅၀ ဧကခန့် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီး

စိုက်ပျိုးပြီး လယ်ယာမြေများ ရေနစ်မြုပ်မှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI) Environment, Disasters & Accidents

ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာ အနောက်ဘက် ကွင်းအမှတ် ၂၁၇၊ ၂၁၈၊ ၂၂၃ တို့တွင် မိုးအဆက်မပြတ် ရွာသွန်း၍ တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် စိုက်ပျိုးပြီး လယ်ယာ ၁၅၀ ဧကခန့် ရေကြီးနစ်မြုပ် ပျက်စီးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထို့အတူ ဇွန် ၁၂ ရက်တွင် မိုးရွာသွန်းမှုကြောင့် ဒီးမော့ဆိုမြို့နယ် လိုလာခိုကျေးရွာ (ယာဒို-လိပ်သို-လွိုင်ကော်-ဟိုပုံး) ပြည်ထောင်စုကားလမ်းမပေါ်တွင် ဓာတ်တိုင်များ လဲကျခြင်း၊ လိုဘာခို တိုက်နယ် ဆေးရုံသွားသည့် လမ်းပေါ်တွင် သစ်ပင်ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူကျေးရွာအုပ်စု ဒေါရောက်ခူတောင်ရွာတွင် ဇွန် ၁၁ ရက်တွင် မိုးသည်းထန်းစွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အချို့ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)