21
Tue, Aug
700 New Articles

ချင်းတွင်းမြစ် နှင့် ကုလားတန်မြစ်ရေများမြင့်တက်နိုင်

မြစ်ရေ မြင့်တက်နိုင်သည့် ခန့်မှန်းချက်ပြဇယား အားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ချင်းတွင်းမြစ် နှင့် ကုလားတန်မြစ်ရေ တို့သည် မြစ်ရေများ မြင့်တက်နိုင်သည့်အတွက် ဟုမ္မလင်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၅)ပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေ သည် နောက် (၂)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ 

ထို့ပြင် ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါ မြစ်ရေသည် နောက် (၂)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်းသတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။  (Xinhua)