19
Sun, Aug
737 New Articles

လေဖိအားနည်းရပ်ဝန်း နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်

လေဖိအားနည်းရပ်ဝန်းခန့်မှန်းချက်ပြမိုးဇလမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေ ကြောင်းသိရသည်။ 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက်တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။  ရေပြင်လေသည် တောင်(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅- ၂၀)မိုင်၊ ရံဖန်ရံခါ မိုင်(၄၀) အထိ တိုက်ခိုက်နိုင်ကြောင်း၊ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်မှာ (၉)ပေမှ (၁၄)ပေခန့် အထိ ရှိနိုင်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)