15
Wed, Aug
718 New Articles

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အနိမ့်ပိုင်း ရပ်ကွက်အချို့တွင်မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေများ ဝင်ရောက်လျက် ရှိ

ဘားအံမြို့ရှိ အနိမ့်ပိုင်း ရပ်ကွက်တစ်ခုတွင် ရေဝင်ရောက်မှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI) Environment, Disasters & Accidents

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများ အဆက်မပြတ် ရွာသွန်မှုကြောင့် သံလွင်မြစ်ရေ တိုးလာသဖြင့် စိုရိမ်ရေ အမှတ် အထက် ကျော်လွန်ကာ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့က ဘားအံမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်အချို့တွင် ရေများ ဝင်ရောက်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဘားအံမြို့တွင် ဇူလိုင်လ(၂၂)ရက်နေ့၊ မွန်လွဲ(၁)နာရီခွဲ တိုင်းထွာမှုအရ သံလွင်မြစ်ရေသည် စိုးရိမ်ရေ အမှတ်အထက် ကျော်လွန်ကာ မြစ်ရေအမှတ် (၇၉၂) စင်တီမီတာသို့ ရောက်ရှိနေသည့် အတွက် ဘားအံမြို့ပေါ်ရှိ အနိမ့်ပိုင်း ရပ်ကွက် များ ဖြစ်သော အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်များရှိ အနိမ့်ပိုင်းနေရာများတွင် မြစ်ရေနှင့် မိုးရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ 

အဆိုပါမြစ်ရေ၀င်ရောက်မှုကြောင့် အရေးပေါ်လိုအပ်လာပါက မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာ အချို့ တွင် ရွှေ့ပြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အတွက် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)