10
Mon, Dec
666 New Articles

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၏ မြောက်ဘက်(၆)မိုင်ခန့်အကွာတွင် အင်အား ရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ အောက်တိုဘာ ၁၀ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၏ မြောက်ဘက်(၆)မိုင်ခန့်အကွာ  မြောက်လတ္တီတွဒ် (၁၈.၉၉) ဒီဂရီ၊ 

အရှေ့လောင်ဂျီတွဒ် (၉၅.၅၅) ဒီဂရီ၊ အနက်(၈) ကီလိုမီတာကို ဗဟိုပြု၍ 

အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

၎င်းငလျင်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ 

(၅၈)မိနစ်၊ (၀၅)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဒီငလျင်နဲ့ ပတ်သက်ပြီးတော့ ပျက်စီးဆုံးရှုံးမှုရှိမရှိ လတ်တလောမှာ မသိနိုင်သေးပါဘူး’’ ဟုဆင်ဟွာကိုပြောသည်။

( Xinhua)