20
Sat, Oct
741 New Articles

စစ်ကိုင်းတိုင်းဒေသကြီး၊ ထမံသီမြို့၏ အနောက်ဘက် (၁၂) မိုင်ခန့် အကွာတွင် အင်အား ရစ်တာစကေး (၄.၀)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ထမံသီမြို့၏ အနောက်ဘက် (၁၂) မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၂၅.၃၄)၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၀)၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွား ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် အောက်တိုဘာလ (၁၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၁)နာရီ (၂၉)မိနစ် (၀၃)စက္ကန့်အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)