26
Mon, Aug
516 New Articles

လေဖိအားနည်း ရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်ဟု မိုး/ဇလ ထုတ်ပြန်

ဘင်္ဂလား ပင်လယ်အော် အခြေအနေအား နံနက်ပိုင်း အချိန် မိုးလေ၀သ တိုင်းထွာချက် အရ တွေ့ ရစဉ်(ဓာတ်ပုံ- မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန) Environment, Disasters & Accidents

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ နောက်(၇၂)နာရီအတွင်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ အောက်တိုဘာ ၂၇ ရက် ၊ မွန်းလွဲ ၂ နာရီ အချိန် ထုတ်ပြန်ချက် အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း သိရသည်။(Xinhua)