19
Mon, Nov
668 New Articles

နေပြည်တော်မြို့၏ အနောက်ဘက်(၉)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီနယ်မြေ၊  နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၁၂)မိုင် ခန့်ကွာဝေးသော (နေပြည်တော်မြို့၏ အနောက်ဘက်(၉)မိုင်ခန့်အကွာ) တွင် အင်အားရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၁၉.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၆) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။  (Xinhua)