19
Mon, Nov
668 New Articles

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ ၃ရွာ၌ နေအိမ်တချို့ အမိုးလန်ပျက်စီး

သာယာဝတီမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန) Environment, Disasters & Accidents

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရင်းတိုက်ကုန်းကျေးရွာအပါအဝင်ရွာ ၃ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၂၆ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၎င်းဖြစ်စဉ်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်၀၅း၀၀နာရီ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတူ နံနက်၀၅း၃၀နာရီ အချိန်တွင် ဘိုကုန်းကျေးရွာအနီး အင်းယားလေးအင်း ချောင်းဘေးတဲနေ ဦးဗေဒါ(၄၀)နှစ်ပါ၃ ဦး(ကျား ၁၊ မ ၂)တို့သည် တဲအတွင်းရှိနေစဉ် မိုးကြိုး ပစ်ခတ်၍ မိုးကြိုးထိမှန်ကာ ၎င်းတို့ ၃ ဦးတွင် ယာနားထင်၊ လည်ဂုတ်၊ ရင်ညွှန့်၊ ကျောကုန်း၊ ဝမ်းဗိုက်၊ ဝဲ/ယာပေါင် အရေပြားမီးလောင်ညိုမဲဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း၊ ၎င်းတို့အားနံနက်၀၇း၃၀နာရီ အချိန်တွင် သာယာ ဝတီမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နံနက်၀၈း၀၅နာရီ အချိန်တွင် ဦးဗေဒါနှင့် အတူ  ၃ ဦး သေဆုံးမှုအား စံရွေးနယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)