26
Wed, Jun
543 New Articles

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယ(၁၀)ရက်ပတ် တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မြူထူများဆိုင်းနိုင်

မိုးလေဝသ ခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယ(၁၀)ရက်ပတ် တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မြူထူများဆိုင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည် နယ်တို့တွင် (၆)ရက်မှ (၈)ရက်ခန့် အထိမြူထူများ ဆိုင်းနိုင်ကြောင်းသိရသည်။

 မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူ များဆိုင်းနိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။  (Xinhua)