18
Sun, Aug
553 New Articles

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ၏ မြောက်-အရှေ့ မြောက်ဘက် (၁၀)မိုင်ခန့် အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ၏ မြောက်-အရှေ့ မြောက်ဘက် (၁၀)မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၂၄.၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၃) ဒီဂရီ၊ အနက် (၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ဆင်ဟွာကို ပြောသည်။

ဦးဇော်မင်းက “ငလျင်လှုပ်သွားတဲ့ နေရာက လူနေထူထပ်တဲ့ နေရာမဟုတ်ဘူး။ တောင်ကျောအောက်ဘက်ကို လှုပ်သွားတာပါ။ အနက်တိမ်တဲ့အတွက်အဲ့ဒီ့ဒေသက လူတွေကတော့ ငလျင်လှုပ်သွားတာကို ခံစားမိကြတယ်။  လူနေထူထပ်တဲ့ နေရာမှာမဟုတ်တဲ့အတွက် ပျက်ဆီးဆုံးရှုံးမှုရှိမရှိတော့ မသိသေးပါဘူး။’’ ဟုဆင်ဟွာကို ပြောသည်။

အဆိုပါငလျင်သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၀၉)မိနစ်၊ (၃၄) စက္ကန့် အချိန်တွင် ကသာမြေငလျင်စခန်းမှ မြောက်ဘက် (၅၁)မိုင်ခန့် ကွာဝေးသော လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)