21
Sat, Sep
538 New Articles

ဧရာဝတီမြစ် အတွင်း တွန်းသဘောင်္ တစ်စင်း မီးလောင် ပေါက်ကွဲမှု ဖြစ်ပွား 

တွန်းသဘောင်္ မီးလောင် ပေါက်ကွဲမှုအား တွေ့ ရစဉ်( ဓာတ်ပုံ - Ministry of Home Affairs, Myanmar ) Environment, Disasters & Accidents

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ တွန်းသဘောင်္ တစ်စင်းသည် မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားကာ သဘောင်္ပေါ်ရှိ လူ ၅ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု သိရသည်။

အဆိုပါ တွန်းသဘောင်္သည် ဖေဖော်ဝါရီ ၁ ရက်တွင် စက်ပျက်၍ ကျောက်ချရပ်နားထားစဉ် သင်္ဘောစက်ပြင်ရန် စက်ခန်းအတွင်းရှိ မီးစက်နိုးရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ အနီးရှိ ဒီဇယ်ပေပါ ၁၀ လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး တွန်းသင်္ဘောမှာ မြစ်အတွင်းသို့ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။ထိုကဲ့သို့ မီးလောင် ပေါက်ကွဲမှုကြောင့် သင်္ဘောစက်ပြင်ရန် စက်ခန်းအတွင်းရှိ မီးစက်နိုးသူအား ပန်းတောင်း မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)