26
Fri, Apr
616 New Articles

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက်(၃၃)မိုင်ခန့် အကွာတွင် အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက်(၃၃)မိုင်ခန့် အကွာ တွင် အနက် (၉၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည်၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၂)မိနစ်၊ (၃၅) စက္ကန့် အချိန်တွင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။  (Xinhua)