13
Wed, Nov
467 New Articles

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ် အတွင်း မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုကြောင့် ၁ ဦး သေဆုံး ၊ ၁၄ ဦး ဒဏ်ရာ ရရှိ

ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - ရဲဇာနည်) Environment, Disasters & Accidents

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာ မြို့နယ် ၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ၁ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်(၁၀/၇)နှင့် (၁၁/ဝ)ကြား၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် မိတ္ထီလာ ဘက်မှ ကျောက်ပန်းတောင်း ဘက်သို့ မောင်းနှင်လာသည့် ယာဉ် နှင့် မျက်နှာချင်း ယာဉ်ကြောမှ မောင်းနှင်လာသော ဘုရားဖူး ယာဉ်တို့ တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဘုရားဖူးယာဉ် မောင်းနှင်လာသူမှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ ကြောင်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် ယာဉ်မောင်း နှစ်ဦးကို အလည်ရွာ ရဲကင်းစခန်းမှ အရေးယူထားကြောင်း သိရသည်။(Xinhua)