25
Sat, May
582 New Articles

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ နယ်၌ စက်လှေ ၁ စီး မီးလောင်မှု ဖြစ်ပွားပြီး လူ ၁ ဦး သေဆုံး

မီးလောင်မှု ဖြစ်ပွားခဲ့သည့် စက်လှေအား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar) Environment, Disasters & Accidents

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

ရခိုင် ပြည်နယ် ၊ ကျောက်ဖြူ မြို့ နယ် ပြင်ရှည် ကျေးရွာ လှေဆိပ်အနီး ကမ်းပေါ်၌ ဖေဖော်ဝါရီ ၁၅ ရက်တွင် စက်လှေ ၁ စီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ ဖြစ်စဉ်အား စိစစ်ရာ စက်လှေသည် ဓနိ ၈,၀၀၀ ခန့်အား အမ်းမြို့နယ် မင်းတပ်ကျေးရွာမှသွားရောက် တင်ဆောင်၍ ပြင်ရှည် ကျေးရွာ လှေဆိပ်သို့ ရောက်ရှိခဲ့ပြီး စက်လှေ ပိုင်ရှင် နှင့် ဇနီး ဖြစ်သူ တို့ သည် ကျေးရွာအတွင်းသို့ သွားရောက်စဉ် စက်လှေ အား စောင့်ကြည့်ရန် ၄င်းတို့ နှင့် တစ်ရွာတည်းနေသူအား ထားခဲ့ရာ စက်လှေ ပိုင်ရှင် နှင့် ဇနီး ဖြစ်သူ တို့  စက်လှေရှိရာသို့ ပြန်လာစဉ် စက်လှေမှာ မီးလောင်ထားပြီး စက်လှေ အား စောင့်ကြည့်ရန် ထားခဲ့သူမှာ မီးလောင်သေဆုံး နေသည်ကို တွေ့ရှိကြောင်း သိရှိရကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ကျောက်ဖြူမြို့မရဲစခန်းမှ မီးလောင်မှု/ပေါ့လျော့မှုကြောင့်လူသေမှုဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)