23
Tue, Apr
593 New Articles

အလောင်းတော်ကဿပ ဘုရားဖူးExpressယာဉ် ချောက်အတွင်းသို့ တိမ်းမှောက်မှုကြောင့် လူ ၅ဦးသေဆုံး၊ ၂၇ဦးဒဏ်ရာရရှိ

တိမ်းမှောက်သွားသော ဘုရားဖူးယာဉ်အားတွေ့ရစဉ်( အင်တာနက်) Environment, Disasters & Accidents

ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အလောင်းတော်ကဿပလမ်း ၁၆မိုင် ၄ဖာလုံတွင် ယနေ့ နံနက် ၆နာရီဝန်းကျင်က ဘုရားဖူး Expressယာဉ် တိမ်းမှောက်မှုကြောင့် လူ ၅ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဘုရားဖူးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ချောင်းမကျည်းအနီး လမ်းညာဘက်တောင်ပေါ်တက်လမ်း ပေ ၂၀၀ခန့်ရှိသော ချောက်အတွင်း ထိုးကျထိန်းမှောက်ခဲ့ကြောင်း သိရသည်။

ယင်း ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ကပိုင်ဆေးရုံသို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)