22
Mon, Apr
608 New Articles

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အနောက်-အနောက်တောင်ဘက် (၄၅) မိုင်ခန့် အကွာတွင်အင်အား ရစ်(ခ်)တာစကေး (၅.၃) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ မတ်၁၉ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အနောက်-အနောက်တောင်ဘက် (၄၅) မိုင်ခန့် အကွာတွင် ဗဟိုချက် အနက် (၇၂)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ရှားခဲ့သည့် ငလျင် နှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုမရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲ မှ တာဝန်ရှိသူ က ဆင်ဟွာကို ယနေ့ပြောသည်။

၎င်းငလျင်သည် ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၂၃)နာရီ (၂၄)မိနစ် (၃၀)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတာဝန်ရှိသူကပဲ “ငလျင်လှုပ်သွားတာကို လူတွေခံစားမိပါတယ်။ ပျက်စီးဆုံးရှုံးမှုတော့ မရှိနိုင်ပါဘူး’’ ဟု ဖြည့်စွက်ပြောကြာသည်း။  (Xinhua)