23
Tue, Jul
545 New Articles

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပြီး လူ ၁၉ ဦး ဒဏ်ရာရရှိ

ယာဉ်တိုက်မှုအား ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ ကယ်ဆယ်ရေးပြုလုပ်နေစဉ်(မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့) Environment, Disasters & Accidents

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၂/၁) နှင့် (၄၂/၂)ကြားတွင် ယနေ့ နေ့လည် ၃နာရီ ၅၅မိနစ်အချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။

ယာဉ်တိုက်မှုအား ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ ကယ်ဆယ်ရေးပြုလုပ်နေစဉ်(မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

Light Truck ယာဉ်အမျိုးအစားသည် နောက်ဘီးပေါက်ပြီး လမ်းလယ်ကျွန်းသို့ ၀င်ရောက်တိုက်ခဲ့ပြီး ယာဉ်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ လူ ၂၃ဦးအနက် ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာရရှိသူများကို အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်နှင့် စစ်ပင်ဆိပ်ရွာရှိ ပရဟိတယာဉ်ဖြင့် လူနာများအား ပဲခူးဆေးရုံနှင့် ဘုရားကြီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)