ချင်းပြည်နယ်၊ ဖလမ်းမြို့ ၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိငလျင်လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၊ ဖလမ်းမြို့ ၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ တွင် အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁) နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၀၇)မိနစ်၊ (၄၁)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ကြောင်း သိရသည်။  (Xinhua)