22
Mon, Apr
608 New Articles

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့ ၌ ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် ထိခိုက် ၊ သေဆုံးမှု တစ်ချို့ ရှိဟုဆို

ပေါက်ကွဲမှု ဖြစ်ပွားရာ တစ်ဝိုက်ရှိ ဂတ်စ်အိုးများအား တွေ့ ရစဉ်(ဓာတ်ပုံ - Nyi Rang) Environment, Disasters & Accidents

ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့ ၌ မတ် ၂၃ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရသူ နှင့် သေဆုံးသူ တစ်ချို့ ရှိခဲ့ကြောင်း လားရှိုးမြို့ နယ် ၀ ပြင်ပ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ယနေ့ ပြောကြားခဲ့သည်။

“မနေ့ က ညနေပိုင်း ၅ နာရီ ၀န်းကျင်ပေါ့။မတော်တဆ ပေါက်ကွဲမှု ဖြစ်ပါတယ်။ကျွန်တော် သိရသလောက် ဂတ်စ်အိုးနဲ့ ယမ်းတွေ သိုလှောင်တဲ့ နေရာမှာ ရောပြီး ပေါက်တယ်လို့ ယူဆရပါတယ်။ဆောက်လုပ်ရေး ပစ္စည်း သိုလှောင်ထားတဲ့ နေရာမှာ ဖြစ်တာပါ။ထိခိုက် ၊ သေဆုံးမှု တစ်ချို့ ရှိပါတယ်။အခု စာရင်း ပြုစုနေတုန်း ပါပဲ။အတိအကျ မသိရသေးပါဘူး။အနည်းအကျဉ်းပါပဲ။”ဟု ၄င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မိုင်းမောမြို့ သည် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပန်ဆန်းမြို့ နှင့် ကီလိုမီတာ ၁၇၀ ၀န်းကျင် အကွာအဝေးတွင် တည်ရှိကြောင်း သိရသည်။(Xinhua)