23
Tue, Jul
545 New Articles

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့ ၌ ပေါက်ကွဲမှုကြောင့် ၁၆ ဦးသေဆုံး

ပေါက်ကွဲမှု ဖြစ်ပွားရာ တစ်ဝိုက်ရှိ ဂတ်စ်အိုးများအား တွေ့ ရစဉ်(ဓာတ်ပုံ - Nyi Rang) Environment, Disasters & Accidents

ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

 

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့ ၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးမြို့ နယ် ၀ ပြင်ပ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ယနေ့ ပြောကြားခဲ့သည်။

 

မိုင်းမောမြို့၌ မတ် ၂၃ ရက် ၊ ညနေပိုင်းတွင် ဆောက်လုပ်ရေး ပစ္စည်းများ သိုလှောင်ရာ နေရာတွင် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မိုင်းမောမြို့ သည် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပန်ဆန်းမြို့ နှင့် ကီလိုမီတာ ၁၇၀ ၀န်းကျင် အကွာအဝေးတွင် တည်ရှိကြောင်း သိရသည်။(Xinhua)