22
Mon, Apr
608 New Articles

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ၏ အရှေ့ ဘက် (၅)မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ၏ အရှေ့ ဘက် (၅)မိုင်ခန့်အကွာ၊ အနက် (၅၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည်၂၀၁၉ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် နံနက်(၁၁)နာရီ၊ (၂၆)မိနစ်၊ (၄၂)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)