20
Sat, Apr
620 New Articles

ချင်းပြည်နယ် ဟားခါးမြို့အနီး အင်အားရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော မြေငလျင်လှုပ်ရှားမှုပြဇယားအား တွေ့ရစဉ်(မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့အနီး၌ ယနေ့ ဧပြီ ၁၅ ရက် မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၀၉)မိနစ်၊ (၄၅)စက္ကန့် အချိန်တွင် အင်အားရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၇)မိုင်ခန့် ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်း (ထန်တလန်မြို့ အနောက်မြောက်ဘက် (၅)မိုင်ခန့်အကွာ ) မြောက်လတ္တီတွဒ် (၂၂.၇၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၃၆) ဒီဂရီ၊ အနက်(၂၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)