20
Tue, Aug
530 New Articles

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၄ ဦး သေဆုံး

ယာဉ်တိမ်းမှောက်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ) Environment, Disasters & Accidents

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သင်္ကြန်လေးရက်တာအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ၎ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ အမြန်လမ်းမကြီးတလျှောက် ယာဉ်မတော်တဆ ထိခိုက်မှု ၂၀ မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်မတော်တဆမှုကြောင့် အမျိုးသား ၃ဦး၊အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ၄၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ ကားဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်လို့ သေတာတွေ ထိခိုက်ဒဏ်ရာရတာတွေ များပါတယ်” အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက အရာရှိတစ်ဦးက ပြောသည်။

ဧပြီလ(၁၆) ရက် နံနက်အစောပိုင်းတွင်လည်း နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၇၅/၃-၇၅/၄ အကြား တွင် ဟွန်ဒိုင်း Bongo ယာဉ်သည် ယာဉ်၏ နောက်ယာဘက်ဘီးပေါက်ကာ ယာဉ်တစ်ပတ်လည် တိမ်းမှောက်ခဲ့ကြောင်း အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၁၁ဦးအနက် ၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။(Xinhua)