နေပြည်တော် ဇေယျာသီရိ မြို့နယ်၌ ယာဉ်တိမ်းမှောက်ကာ လူ ၂ ဦး သေဆုံး

အရှိန်လွန် တိမ်းမှောက်ခဲ့သည့် ယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar) Environment, Disasters & Accidents

ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

နေပြည်တော် ၊ ဇေယျာသီရိ မြို့နယ်၌ ဧပြီ ၁၆ ရက်တွင် သြင်္ကန် လည်သော ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားကာ ၂ ဦးမှာ သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ဇေယျာသီရိမြို့နယ်၊ ခမရ(၃၀၅)အနီး သံတမန်လမ်း၌ သံတမန်လမ်းအတိုင်း ကျီတောင်ကျေးရွာဘက်မှ သူရဲကောင်းဗိမာန်ဘက်သို့ မောင်းနှင်သောယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ဓာတ်တိုင်အား တိုက်မိ၍ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာ ရရှိသူများအား နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူအား ရေဆင်းနယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)