ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၀၀ ကျော်ခန့် ပျက်စီးမှုဖြစ်ပွား

လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးသွားသည့်နေအိမ်တစ်လုံးအားတွေ့ရစဉ် (ဓာတ်ပုံ--MOI) Environment, Disasters & Accidents

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၀၀ ကျော်ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆ အုပ်စုတို့တွင် ယမန်နေ့ ညနေ ၃နာရီခွဲအချိန်ခန့်က လေပြင်း တိုက်ခတ်ပြီး မိုးရွာသွန်း မှုကြောင့် ကျေးရွာအုပ်စု ၆ အုပ်စုအတွင်းရှိ ကျေးရွာများတွင် လူနေအိမ် အိမ်ခြေ ၂၀၄ လုံး၊ အိမ်ထောင်စု ၂၀၄ စုနှင့် စာသင်ကျောင်း ၁ကျောင်း၊ အမိုးလန်ပျက်စီး၊ ဝန်ထမ်း အိမ်ရာ ၁ ခု အမိုးပျက်စီး စုစုပေါင်း ၂၀၆ လုံးပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua)