ရှမ်းပြည်နယ် ကွတ်ခိုင်မြို့၌ မီးလောင်မှုကြောင့် လူ ၂ ဦး သေဆုံး

မီးလောင်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ - ရဲဇာနည်) Environment, Disasters & Accidents

ရန်ကုန် ၊ မေ ၈ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့၊ (၅)ရပ်ကွက်ရှိ ဖုန်းအရောင်းဆိုင်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။

ယင်းမီးလောင်မှုသည် မေ ၇ ရက်တွင် ဆိုင်ခန်းအတွင်း ဖုန်းအားသွင်းထားခဲ့ရာမှ မီးစတင် လောင်ကျွမ်းခဲ့သဖြင့် ဈေးဆိုင်ခန်း ၃ ခန်း နှင့် ယာဉ် ၂ စီးတို့ လည်း မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ကွတ်ခိုင် မြို့မ ရဲစခန်းမှ မီးလောင်မှုအား အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။(Xinhua)