ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ယာဉ် ၆ စီး ဆင့်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန) Environment, Disasters & Accidents

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ယာဉ် ၆ စီး ဆင့်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ နက ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ မေလ ၁၃ ရက်နေ့ ၁၃း၅၀နာရီ အင်းစိန်မြို့နယ် အင်းစိန်လမ်းမကြီးအတိုင်း ဘီအိုစီဘက်မှ သမိုင်းလမ်းဆုံဘက်သို့ နေမင်းခိုင်(စိစစ်ဆဲ)မောင်းနှင်လာသော YGN 5N/×××× Hyundai YBS 21 ယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ဘီအိုစီမှတ်တိုင်အရောက် လမ်း၏ ယာဘက်ဘေးတွင် လားရာတူ ရပ်ထားသည့် စသရ(ရန်ကုန်) စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးရေးအဖွဲ့မှ ရဲတပ်ကြပ်ကြီး ယဉ်ထွေး(၄၃)နှစ် ကမာရွတ်မြို့နယ်နေသူ မောင်းနှင်သော ရဲတပ်ဖွဲ့ပိုင် YGN 8A/ ×××× Townace ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် YGN 8A/×××× ယာဉ်မှ ၎င်းရှေ့ တွင် ရပ်ထားသည့် အောင်ချမ်းမင်း(၃၄)နှစ် (ဘ)ဦးအောင်သိန်း (၁၃)ရပ်ကွက် လှိုင်မြို့နယ်နေသူ မောင်းနှင်သည့် YGN DD/×××× Caldina ယာဉ်အားဆက်တိုက် တိုက်မိကာ ရှေ့မှ ယာဉ်များဖြစ်သော ၊ သန်းစိုးလင်း(၄၃)နှစ် (ဘ)ဦးကျင်အောင် (၂၀)ရပ်ကွက် ပြင်ဦးလွင်မြို့နေသူ မောင်းနှင်သည့် YGN AA/×××× Caldina ယာဉ်၊ မင်းမင်းထွန်း (၃၉)နှစ် (ဘ)ဦးသူရစိုး မောင်းနှင်သည့် YGN CC/×××× Caldina ယာဉ်နှင့် အောင်မင်းလှိုင် (၃၆)နှစ် (ဘ)ဦးညွန့်လှိုင် ဇီးကုန်းကျေးရွာ ညောင်လေးပင်မြို့နယ်နေသူ မောင်းနှင်သည့် BGO 5H/×××× Rosa ယာဉ်တို့အား အဆင့်ဆင့်ထပ်မံတိုက်မိခဲ့ရာ YGN 8A/×××× ယာဉ်ပေါ်ပါ စသရ (ရန်ကုန်)မှ ရဲအုပ် သိန်းလှိုင်(၄၁)နှစ်တွင် ယာလက်/ပေါင် ဖူးရောင်ဒဏ်ရာများ(စိုးရိမ်ရ)နှင့် ရဲတပ်ကြပ်ကြီး ယဉ်ထွေးပါ ရဲတပ်ဖွဲ့ဝင် ၅ ဦးတွင် နောက်စေ့/ယာနံဘေး နာကျင်ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ၁၆၃၀ အချိန်တွင် နေမင်းခိုင်(ဖမ်းမမိ)အား အင်းစိန်မြို့မ ရဲစခန်းယာဉ် (ပ) ၄၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉/ ၂၀၂ (ပေါ့လျော့မှုကြောင့်ပြင်းထန်/ သာမန်နာကျင်စေမှု / ယာဉ်မဆင်မခြင်မောင်းနှင်မှု/ သတင်းပေးရန်ပျက်ကွက်မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)