စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် (၁၉) မိုင်ခန့် အကွာအင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် (၁၉) မိုင်ခန့် အကွာ တွင် ယနေ့ မွန်းတည့်အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားခဲ့ပြီး အဆိုပါငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (ငလျင်ဌာနခွဲ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန်းက ဆင်ဟွာကိုပြောသည်။

ဦးဦးသန်းက “ငလျင်လှုပ်တဲ့နေရာက လူနေရွာတွေနဲ့ အလှမ်းဝေးပြီး တောတောင်တွေ နေရာမှာလှုပ်တာ။ အနက်ကမြေအောက်တော်တော်ရောက်တယ်။ အပေါ်ယံမှာ ပျက်စီးဆုံးရှုံးမှုမရှိနိုင်ဘူး။ ဟုမ္မလင်းမြို့ပေါ်မှာလည်း ငလျင်လှုပ်တာကို ခံစားမှုမရှိဘူးလို့ ကျွန်တော်တို့ သိရပါတယ်’’ ဟုပြောသည်။

အဆိုပါငလျင် သည် မြန်မာစံတော်ချိန် (၁၂)နာရီ (၂၇)မိနစ် (၃၉) စက္ကန့်အချိန်တွင် အနက် (၇၉) ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။  (Xinhua)