20
Tue, Aug
533 New Articles

ဖားကန့် မြို့ နယ်၌ ရေမဆေးကျောက်ရှာဖွေနေစဉ် မြေကမ်းပါး ပြိုကျမှုကြောင့် လူ ၄ ဦး ပျောက်ဆုံး

ဖားကန့် မြို့ နယ်၌ ရေမဆေးကျောက်ရှာဖွေရေးလုပ်ကိုင်နေသူများအား တွေ့ရစဉ်(ဓာတ်ပုံ-MOI) Environment, Disasters & Accidents

ရန်ကုန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ ဖားကန့် မြို့ နယ်၌ ဇူလိုင် ၁၃ ရက်တွင် ရေမဆေးကျောက် ရှာဖွေနေစဉ် မြေကမ်းပါး ပြိုကျမှု ကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၄ ဦး ရေကန် အတွင်းသို့ ပြုတ်ကျကာ နစ်မြုပ် ပျောက်ဆုံးနေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။

ဖားကန့်မြို့နယ်၊ ဗလခကျေးရွာ၊ ယူနတီ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်၌ အလျား ၄၀၀ ပေ၊ အနံ ၂၀၀ ပေ၊ အနက် ၅၀ ပေရှိ ရေများပြည့်နေသော ကျင်းအဟောင်းကမ်းစပ်၌ ရေမဆေးကျောက်ရှာဖွေသူ ၅ ဦးမှာ ရေမဆေး ကျောက် ရှာဖွေနေစဉ် မြေကမ်း ပါးပြိုကျမှုကြောင့် ရေလှိုင်းများရိုက်ခတ်ပြီး ရေကန်အတွင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုတ်ကျသွားသူများ အနက်  ၁ ဦးကို ကယ်ဆယ်ရရှိခဲ့ပြီး ကျန် ၄ ဦးမှာ နစ်မြုပ်ပျောက်ဆုံးနေသဖြင့် ဆက်လက် ရှာဖွေလျက် ရှိကြောင်း သိရသည်။(Xinhua)