20
Tue, Aug
533 New Articles

နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၁၆၅/၃ အနီးတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွား ၊ တစ်ဦး သေဆုံးကာ ဒဏ်ရာ ရသူ များပြားဟုဆို

ယာဉ်တိမ်းမှောက်မှုကြောင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး) Environment, Disasters & Accidents

ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

နေပြည်တော်-ရန်ကုန် အမြန်လမ်း မိုင်တိုင် ၁၆၅/၃ အနီးတွင် ခရီးသည်တင်ယာဉ် တစ်စီးသည် ယနေ့  နေ့ လည် ပိုင်းတွင် တိမ်းမှောက်ခဲ့ရာ ကနဦး စိစစ်ချက် အရ ဒဏ်ရာ ရသူ အများအပြား ရှိပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ မှူးရုံး၏ ထုတ်ပြန်မှု အရ သိရသည်။

ပခုက္ကူ-ရန်ကုန် မောင်းနှင်သော ခရီးသည်တင်ယာဉ်သည် လမ်းညာဘက်တွင် အရှိန်လွန် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ် အတွင်း ဒဏ်ရာ ရသူများကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှ အင်အားများနှင့် အထောက်အကူပြု အင်အားများ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။(Xinhua)