17
Thu, Oct
573 New Articles

မွန်ပြည်နယ် ပေါင်မြို့နယ်၌ မလတ် တောင်ပြိုကျမှု ဖြစ်စဉ် အတွင်း သေဆုံးသူ ၅၁ ဦးထိ ရှိလာ

မွန်ပြည်နယ် အတွင်းရှိ တောင်ပြိုကျမှု ဖြစ်စဉ်ကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ယနေ့ ဆောင်ရွက်နေမှု မြင်ကွင်းများ(ဆင်ဟွာ) Environment, Disasters & Accidents

ရန်ကုန် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော တောင်ပြိုကျမှုကြောင့် ယနေ့သြဂုတ် ၁၁ ရက် နေ့လည်ပိုင်း အထိ သေဆုံးသူ ၅၁ ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိထားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။

“ရှာဖွေကယ်ဆယ်ရေး စကတည်းက မြေအောက်က လူတွေရဲ့လှုပ်ရှားမှု ၊ အသက်ရှုသံတွေကို ထောက်လှမ်းပြီးတော့ လူရှိ/မရှိ ရှာဖွေတဲ့ မြေအောက် ရှာဖွေ ကယ်ဆယ်ရေး ကိရိယာတွေကတော့ အကုန်လုံး သုံးပြီး လုပ်နေကြ ပါတယ်။ဒီနေ့နေ့လည် အထိ ၅၁ ဦး စာရင်းပဲ ရသေးတယ်။ဆက်ပြီးတော့ ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက် နေပါတယ်။လိုအပ်ရင် အင်အားတွေ ပို့ပေးဖို့လဲ အဆင့်သင့် လုပ်ခိုင်းထားပါတယ်။”ဟု မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

မွန်ပြည်နယ် အတွင်းရှိ တောင်ပြိုကျမှု ဖြစ်စဉ်ကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ယနေ့ဆောင်ရွက်နေမှု မြင်ကွင်းများ(ဆင်ဟွာ)

မွန်ပြည်နယ် အတွင်းရှိ တောင်ပြိုကျမှု ဖြစ်စဉ်ကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ယနေ့ဆောင်ရွက်နေမှု မြင်ကွင်းများ(ဆင်ဟွာ)

တောင်ပြိုကျမှု ဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် နှင့် ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များက Thermal Imaging Camera(TIC) နှင့် LEADER Hasty နည်းပညာပစ္စည်းများ အသုံးပြု၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ၊ လူမှု ကူညီရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် အတွင်းရှိ တောင်ပြိုကျမှု ဖြစ်စဉ်ကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ယနေ့ဆောင်ရွက်နေမှု မြင်ကွင်းများ(ဆင်ဟွာ)

မွန်ပြည်နယ် အတွင်းရှိ တောင်ပြိုကျမှု ဖြစ်စဉ်ကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ယနေ့ဆောင်ရွက်နေမှု မြင်ကွင်းများ(ဆင်ဟွာ)

မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်သည် သြဂုတ် ၉ ရက် နံနက် ၇နာရီ ဝန်းကျင်တွင် ပြိုကျခဲ့ပြီး နေအိမ်များ ၊ ယာဉ်များ တောင်ပြိုကျမှုအောက်သို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၉ ရက်တွင် သေဆုံးသူ ၂၂ ဦး ၊ သြဂုတ် ၁၀ ရက်တွင် ၁၉ ဦး နှင့် ယနေ့သြဂုတ် ၁၁ ရက် နေ့လည်ပိုင်း အချိန်ထိ ၁၀ ဦး စုစုပေါင်း သေဆုံးသူ ၅၁ ဦးထိ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

မလတ်တောင်ပြိုကျမှု ဖြစ်ပွားရာ နေရာသို့ သြဂုတ် ၁၀ ရက်တွင် နိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ပါဝင်သော ပြည်ထောင်စု အစိုးရအဖွဲ့မှ အဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှု့ စစ်ဆေး ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း၌ သြဂုတ် ၉ ရက် နံနက်အစောပိုင်းမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပေါင် ၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် ရေး မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။(Xinhua)