15
Sun, Dec
507 New Articles

ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန်မိုးဇလထုတ်ပြန်

မြစ်ရေခန့်မှန်းချက်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် မဒေါက် မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေသည့်အတွက် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့အကြံပြုချက်ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ အချိန်တွင် စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်လျက်ရှိပြီး နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။

ထို့အပြင် ရွှေကျင်မြစ်ရေသည် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိလျက်ရှိပြီး အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလမှ အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)