16
Mon, Sep
496 New Articles
ရခိုင် ပြည်နယ် သံတွဲမြို့ အနီး အင်အားရစ်(ခ်)တာ စကေး ၅.၅ အဆင့်ရှိ မြေငလျင် လှုပ်ခတ်
သံတွဲမြို့ အနီး လှုပ်ခတ်သွားခဲ့သည့် မြေငလျင် ဆိုင်ရာ သတင်းအချက်အလက်ပြ ဇယားကွက်အား တွေ့ ရစဉ် (ဓာတ်ပုံ - မိုး/ဇလ) Environment, Disasters & Accidents
ရန်ကုန် ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ)
မြေငလျင်သည် သံတွဲမြို့ ၏ အရှေ့ဘက် (၁၅)မိုင်ခန့် အကွာတွင် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ပြီး ၄င်းငလျင် လှုပ်ခတ်မှုကို သံတွဲမြို့ တွင် နေထိုင်သူများ သိရှိခံစားခဲ့ရကြောင်း ၊ လက်ရှိ အချိန်ထိ ထိခိုက် ပျက်စီးမှု အခြေအနေကို မသိရှိရသေးကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းမြေငလျင်သည် မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၅၄)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၁၆၀ ခန့် ကွာဝေးသော သံတွဲမြို့၏ အရှေ့ဘက် (၁၅)မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ် (၁၈.၄၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၉)ဒီဂရီ အကြားတွင် အနက် (၈) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ် သွားခဲ့ခြင်း ဖြစ်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။(Xinhua)