20
Fri, Sep
525 New Articles

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းမြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေသူများ သတိပြုနေထိုင်ရန် မိုးဇလ သတိပေးချက်ထုတ်ပြန်

ရွှေကျင်မြစ်ရေစိုးရိမ်ရေမှတ် ရောက်ရှိမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ရွှေကျင်မြစ်ရေ စိုးရိမ်ရေမှတ် သို့ကျော်လွန်လျက်ရှိနေသည့်အတွက်  မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။ 

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်၊ မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၃) စင်တီမီတာ ၊ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၂)ရက် အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)