14
Thu, Nov
473 New Articles

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် တွင် လှေနစ်မြုပ်မှုကြောင့် ၃ဦးသေဆုံး

လှေနစ်မြုပ်မှုနှင့် ပတ်သက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- MOI) Environment, Disasters & Accidents

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) 

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ဝါးရစ်ကျေးရွာအုပ်စု ဝါးရစ်(မြန်မာ)ကျေးရွာမှ ကျေးရွာ သူ/ သား(၁၆)ဦးတို့သည် စက်တက်ဘာလ(၂၂)ရက် မွန်းလွဲ(၂)နာရီခန့်တွင် နာရေးပို့ဆောင်ပြီး ရွာသို့ပြန်လာစဉ် လှေနစ်မြုပ်မှုကြောင့် လှေပေါ်ပါသူ(၁၆)ဦးအနက် (၃)ဦးမှာသေဆုံးလျက် ရှာတွေ့ ခဲ့၍ (၂)ဦးမှာ ပျောက်ဆုံးလျက်ရှိကာ ရှာဖွေရေးများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။ 

လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူများကို စက်တင်ဘာလ(၂၂)ရက် ညနေပိုင်းတွင် ကျေးရွာ သူ/သား များမှ လိုက်လံရှာဖွေခဲ့ရာတွင် (၂)ဦးအား သေဆုံးလျက် ပြန်လည်ဆယ်ယူ ရရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် (၁)ဦးအား သေဆုံးလျက် ပြန်လည်ရှာတွေ့ ခဲ့ကြောင်း၊ နောက်ထပ်ပျောက်ဆုံးနေ သူ(၂)ဦးကို အနီးအနားရှိ ကျေးရွာများမှ စုစုပေါင်း လှေ(၁၅)စီးခန့်ဖြင့် ဆက်လက်ရှာဖွေ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ဝါးရစ်(မြန်မာ)ကျေးရွာမှ ကျေးရွာသူ/သား(၁၆)ဦးတို့သည် မြိတ်မြို့နယ်၊ မဇောကျေးရွာ အုပ်စု၊ တောတန်းကျေးရွာရှိ နာရေးပို့အပြီး ဦးအုန်းကြူ ပိုင်ဆိုင်သောအလျား(၃၀)ပေ၊ အနံ(၄)ပေ ပဲ့ချိတ်တပ် စက်လှေဖြင့် တောတန်းကျေးရွာမှ ဝါရစ်(မြန်မာ)ကျေးရွာသို့ ပြန်လာစဉ် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

စက်လှေသည် ကျွန်းစုမြို့နယ်၊ ဝါးရစ်ကျေးရွာအုပ်စု၊ စမ်းသစ်ကျေးရွာ အနီး တနင်္သာရီမြစ်အတွင်း၌ ရေအောက်ရှိ သစ်ငုတ်အား လှေဖြင့်ဝင်တိုက်မိရာမှ လှေဝမ်းပေါက်ကာ လှေမှာနစ်မြုပ်သွားခဲ့ ကြောင်း၊ လှေနစ် မြုပ်မှုကြောင့် ပျောက်ဆုံးခဲ့သူများကို ကျေးရွာသူ/သားများ၊ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေခဲ့ကြရာ (၃)ဦးမှာ သေဆုံးလျက် ဆယ်ယူရရှိခဲ့ပြီး (၂)ဦးမှာပျောက်ဆုံးနေဆဲဖြစ်၍ ဆက်လက်ရှာဖွေလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)