ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ မြောက်-အနောက်မြောက်ဘက် (၃၈)မိုင်ခန့်အကွာတွင် အင်အား၃.၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ မြောက်-အနောက်မြောက်ဘက် (၃၈)မိုင်ခန့်အကွာ တွင် အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး (၃.၉)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု နိုဝင်ဘာလ ၁၂ ရက် နံနက် ၄နာရီ ၂၁ မိနစ် ၅၉စက္ကန့် တွင်လှုပ်ရှားသွားခဲ့ကြောင်း သိရသည်။ 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ်(၂၅.၉၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၂၆)ဒီဂရီ တွင်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ခံစားမိသူမရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။  (Xinhua)