23
Tue, Jul
545 New Articles

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် အတွင်းရှိ ကျေးရွာအချို့ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ရေများဝင်ရောက်လာမှုကြောင့် အခြေခံ ပညာကျောင်း(၉)ကျောင်း ခေတ္တပိတ်ထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့ တွင် ယနေ့နေ့လယ်မှ နောက် ၇၂ နာရီ အတွင်း မိုးကြီးမည့် သတိပေးချကအားမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်သည်။

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

 

မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာများအတွင်းရှိ ဒေသခံ၆၀၀ ကျော် ရေဘေးလွတ်ရာသို့ ဇူလိုင် ၉ ရက်၌ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) 

ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် မွန်ပြည်နယ်၊ ဘီးလင်း မြို့ပေါ် တွင် ကယ်ဆယ်ရေးစခန်းများ ယနေ့စတင်ဖွင့်လှစ်ပြီး ရေဝင်သည့်နေရာများ တွင်စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာကိုယနေ့ပြောသည်။

ရန်ကုန်၊ ဇူလိုင် ၉ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ အရှေ့တောင်ဘက် (၁၅) မိုင်ခန့် အကွာတွင် ယနေ့ (၁၁)နာရီ (၀၀)မိနစ် (၀၁) စက္ကန်အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတင်းထုတ်ပြန်သည်။ 

နေပြည်တော်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ပလတ်စတစ် ညစ်ညမ်းမှုအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် မြန်မာနိုင်ငံ အမျိုး သားအဆင့် စွန်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၃၀ ကို ရေးဆွဲခဲ့ရာ ဧရာဝတီမြစ်အတွင်း ပလတ်စတစ်ညစ်ညမ်းမှုများ ဖြေရှင်းရေးစီမံချက်လည်း ပါဝင် ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ယနေ့  ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ အနောက်-အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ တွင် ယနေ့ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၃၂)မိနစ်၊ (၁၅)စက္ကန့် အချိန်၌  အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) 

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ်၌ ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ အနောက် တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ် အတွက် မိုးလေဝသ ခန့်မှန်းချက်အား ယနေ့ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

မြန်မာ့ပင်လယ်ပြင်၊ ကိုကိုးကျွန်း၏ အရှေ့မြောက်ဘက် (၈၂)မိုင် ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး ၄.၆ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင် တစ်ခုသည် ယနေ့ နေ့ လည်ပိုင်းတွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သစ်တောဧရိယာအတွင်းမှ ဧက (၂ဝဝဝ)ကို သဘာဝတော တန်ဘိုးမြင့် စိုက်ခင်းများအဖြစ် ပြန်လည်ဖော်ဆောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောသည်။