21
Sun, Jul
555 New Articles

ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် အမ်းမြို့တွင်ဧပြီလ ၂၀ ရက် တွင် ၁၇ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ဧပြီလ တတိယ(၁၀) ရက်ပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဧပြီလ ၁၇ ရက်  ညနေ (၅)နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အချို့ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ဆောင်အချို့ အမိုးလန်ပြိုကျ ပျက်စီးခဲ့ကြောင်းသိရသည်။

ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

နေပြည်တော် ၊ ဇေယျာသီရိ မြို့ နယ်၌ ဧပြီ ၁၆ ရက်တွင် သင်္ကြန် လည်သော ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားကာ ၂ ဦးမှာ သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၁၉/၁ အနီးတွင် ယနေ့ ဧပြီ ၁၇ ရက် နေ့လည် ၁၂နာရီ ၂၀မိနစ်တွင် ကားမီးလောင်မှုဖြစ်ပွားပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သင်္ကြန်လေးရက်တာအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ၎ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

စက်တပ်လှေတစ်စီး ဧပြီ ၁၅ ရက် (သင်္ကြန်အကြတ်နေ့)၌ နံနက် ၁၀ နာရီခွဲက ချင်းတွင်းမြစ်အလယ်တွင် နစ်မြုပ်တိမ်းမှောက်ခဲ့မှုကြောင့် သေဆုံးသူစုစုပေါင်းမှာ ဧပြီ ၁၆ ရက် ညနေပိုင်းတွင် ၁၁ ဦးထိ ရှိလာကြောင်း  စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

သင်္ကြန်ပွဲတော် အကြို၊ အကျနှင့် အကြတ်နေ့ သုံးရက်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ထိခိုက်ဒဏ်ရာရရှိသူ ၅၅၅ဦးရောက်ရှိကာ သေဆုံးသူ ၅ဦးရှိကြောင်း အဆိုပါဆေးရုံကြီးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သင်္ကြန်ရက်များအတွင်း ကားဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်မှုများကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကျင်းပသည့် ချင်းတွင်းသင်္ကြန်သို့ လာရောက်သည့် လူ ၄၀ဦးခန့်တင်ဆောင်လာသော စက်လှေတစ်စီးသည် ယနေ့ နံနက် ၁၀နာရီခွဲတွင် ချင်းတွင်းမြစ်အလယ်တွင် နစ်မြုပ်တိမ်းမှောက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။