24
Fri, May
583 New Articles

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

တနသာင်္ရီတိုင်းဒေသကြီး မြိတ်မြို့ နောက်လယ်ရပ်ကွက် အမှတ်(၂)ဗောတံတားအနီး၌ ဆီသယ်လှေ အပါအ၀င် လှေ ၄ စီး မီးလောင် ဆုံးရှုံးမှု မတ် ၁ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အတွင်း သဘာဝပတ်ဝန်းကျင် အတွက် ခြိမ်းခြောက်မှု ကြီးမားလာသော ပလတ်စတစ် သုံးစွဲမှု လျော့ပါးစေရေး စီမံဆောင်ရွက် ပေးပါရန် တိုင်းဒေသကြီး အစိုးရသို့ တိုက်တွန်းကြောင်း အဆိုအား ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်အစည်းအဝေး၌ အတည်ပြုခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

မတ်လ ပထမ(၁၀) ရက်ပတ်နှင့် လပတ်မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

မတ်လ ပထမ (၁၀) ရက်ပတ်တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့ ၌ နံနက်ပိုင်းမြူထူများဆိုင်းနိုင်ကြောင်း မိုးလေ၀သ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မကွေး-ကံပြားလမ်း မိုင်တိုင်(၁၁/၄)၌ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး အင်္ဂပူမြို့နယ် အတွင်း သစ်များ တင်ဆောင်လာသည့် Faw ယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် သစ်သားတံတား တစ်စင်းပေါ်သို့ ဖြတ်သန်းစဉ် တံတားကျိုး၍ ချောင်းအတွင်းသို့ ထိုးကျသွားခဲ့ရာ ယာဉ်ပေါ်ပါရှိသူ ၆ ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ခြောက်ဘီး ယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် လမ်းဘေး ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ကာ ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း၊ HONDA(Myanmar) အထပ်သားစက်ရုံ မီးလောင်မှုကြောင့် ဖေဖော်ဝါရီ ၂၀ရက်ထိ  လူ ၆ဦးသေဆုံးကာ ၁၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

 ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း၊ HONDA(Myanmar) အထပ်သားစက်ရုံသည် ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီ ၃၇ မိနစ်တွင် မီးလောင်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ဖေဖော်ဝါရီ ၁၁ရက်က ဆင်ပြောင်အမည်ရှိ သင်္ဘောနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လတ်တလော သေဆုံးသူ ၁၂ဦးထိရှိလာပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။