16
Tue, Jul
545 New Articles

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် (၃၆)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့် မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်ကျေးရွာအနီးရှိ တစ်သုံးလုံးကုမ္ပဏီအဟောင်းတွင် မေ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်က ပေ ၅ဝ ခန့်ရှိ စွန့်ပစ်မြေစာပုံပြိုကျခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် (၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၈၄)လမ်း၊ (၂၈×၂၇)ကြား၊ မန်းမြန်မာဈေးချိုပလာဇာအပေါ်ထပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁၁း၅၅ နာရီ တွင်မီးငြိမ်းကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။

ရန်ကုန် ၊ မေ ၂၀ ရက်(ဆင်ဟွာ)

ဖားကန့်မြို့နယ်၊ မမုံကျေးရွာအနီး မြန်မာ သူရကုမ္ပဏီ လုပ်ကွက်၌ မေ ၁၉ ရက် ညနေပိုင်းက မြေစာပုံ ပိ၍ ရေမဆေးကျောက် ရှာဖွေသူ ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီးတွင်  မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတချို့ တွင် နေအိမ်ပျက်စီး ပြိုကျမှုများ ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

အနောက်တောင်မုတ်သုံလေသည် မေလ(၂၁ မှ ၂၅)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်း ကောင်း၊ မေလ (၂၆ မှ ၃၁)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း ၀င်ရောက် နိုင်ပြီး၊ မေလ တတိယ(၁၀)ရက်ပတ် တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ် တို့ ၏  မေလ တတိယ(၁၀) ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်းလျှပ်စစ် ပစ္စည်းနှင့် ဆားဗစ်စင်တာရှိ စတိုနှင့် အိမ်သာခန်းအပေါ်တွင် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊အမှတ် ၂ ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်း ဆားဗစ်စင်တာသည် ယနေ့ နေ့လည် ၂နာရီ ၅၀မိနစ်တွင် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။