24
Mon, Jun
553 New Articles

ရန်ကုန် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

ရွှေဘိုမြစ်ကြီးနား ကားလမ်း မိုင်တိုင် (၄၀/၄၁)ကြား၌ ဆီဘောက်ဆာ ၁၀ ဘီးယာဉ် တစ်စီး တိမ်းမှောက် ခဲ့မှုကြောင့် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်တို့ သည် သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး ၄.၈ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင် တစ်ခုသည် ယနေ့ ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေ၀သ နှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဧပြီ ၁၈ရက် ည ၈ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီ မြစ်နှင့် မြစ်မခမြစ်အနီးရှိ ကျေးရွာအုပ်စု (၁၀)အုပ်စုမှ နေအိမ် ၄၃၇ လုံး ပျက်စီး ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဒေါဖုကျေးရွာအုပ်စုနှင့် ငွေတောင်ကျေးရွာအုပ်စုတို့တွင် ဧပြီ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က လေပြင်းတိုက်ခတ်ပြီး လူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ အနီး အင်အားရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိ မြေငလျင် တစ်ခုသည် ယနေ့ ဧပြီ ၁၈ ရက် နေ့ လည်ပိုင်း အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ သတင်း ထုတ်ပြန်မှုတွင် ဖော်ပြခဲ့သည်။

ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၃ လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၁၇/၅)နှင့် (၂၁၇/၆)အကြားတွင် ယနေ့ နံနက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့်၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

သင်္ကြန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူ၎ဦးသေဆုံးပြီး ၃၀၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။ယခုနှစ် သင်္ကြန်နှင့်ပတ်သက်၍ မှုခင်းဖြစ်ပွားမှုမှာ ယာဉ်နာကျင် (၂)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄)ဦး၊ ဒဏ်ရာ ရရှိသူ (၉)ဦးရှိကြောင်း၊ နာကျင်စေမှု (၄)မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ (၆)ဦးရှိခဲ့ကြောင်း၊ ကျန်အခြားအမှု (၃)မှု တွင် ဒဏ်ရာရရှိသူ (၂)ဦးရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၊ မြန်မာ-အိန္ဒိယနယ်စပ် တံတား အနီးရှိ လူနေအိမ် (၈)လုံး ဧပြီ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် မီးလောင်ကျွမ်းခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလနှင့် မေလများအတွင်း နေ့ အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင် ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။