14
Mon, Oct
580 New Articles

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ပင်လယ်ပြင်ခရီးအတွက် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ တောင်ကျရေများ စီးဆင်းပြီး ရေတိုက်စားမှုကြောင့် ကားလမ်း ကျိုးပဲ့ ပျက်စီးကာ မြေနိုမ့် ကားလမ်း နေရာများတွင် ရေကျော်နစ်မြုပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ဇွန်လ(၁၀)ရက်နေ့ ညနေ ၃ နာရီအချိန်မှ ၃ နာရီခွဲ အချိန်ခန့် အထိ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ် မြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာတွင် ဇွန် ၉ ရက်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၉ လုံး ပြိုကျ ပျက်စီးခဲ့ပြီး နေအိမ် ပြိုကျမှုကြောင့် တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်လျက်ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်တို့ကြောင့် (၁၀.၆.၂၀၁၈)ရက်နေ့မှ (၁၄.၆.၂၀၁၈)ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် မိုးကြီးမည့်သတိပေးချက် အားမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မြို့လှမြို့ ၏ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာမြောက်လတ္တီတွဒ် (၁၉.၄၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၇) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

မန္တလေး-ပုဂံ အစုန်ရထား စက်ခေါင်းတွဲချော်မှု ဖြစ်ပွားခဲ့သော်လည်း ခရီးသည်တွဲများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိ နေပြီး၊ အဆိုပါလေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။