22
Sat, Feb
426 New Articles

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ၊ မဟာအစပထမ ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုကြောင့် အလောင်းပြန်လည်တွေ့ရှိသူ ၁၇ဦးထိရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ကထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ၊ မဟာအစ ပထမကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုကြောင့် လူ ၁၅ဦးသေဆုံးပြီး ၄၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနောက်ဖက်တွင် ယနေ့ ဇူလိုင် ၁၄ရက်နေ့ နေ့လယ် ၂နာရီဝန်းကျင်တွင် မြေပြိုကျမှုဖြစ်ပွားပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

စစ်တောင်းမြစ်ရေ နှင့် ရွှေကျင်မြစ်ရေ မြင့်တက်နိုင်သည့် အတွက် မဒေါက်မြို့နယ်နှင့် ရွှေကျင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့အကြံပြုချက်ထုတ်ပြန်သည်။

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ကုလားမချောင်ကျေးရွာ မြစ်ကမ်းအနီးရှိ ဓနိမိုး/ကာ၊ ဝါးကြမ်းခင်း နေအိမ် ၇ လုံးအား ဖျက်သိမ်း၍ ကျေးရွာအတွင်းသို့ ပြောင်းရွှေ့ခဲ့ ကြောင်းပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော်အနောက် မြောကပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေ ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနောက်ဖက်တွင် ယနေ့ ဇူလိုင် ၁၄ရက်နေ့ နေ့လယ် ၂နာရီဝန်းကျင်တွင် မြေပြိုကျမှုဖြစ်ပွားပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြန်မာ့ပင်လယ်ပြင်တွင်း အင်အားရစ်ချ်တာစကေး(၅.ဝ)အဆင့်ရှိ အသင့်အတင့်ရှိသော မြေငလျင်တစ်ခု ယနေ့ နံနက် ၉နာရီ၁၀မိနစ်တွင် လှုပ်ခတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ် ပြန်သည်။