24
Fri, May
583 New Articles

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ အရာတော် မြို့ နယ် ၊ ကမ်းဖြူကျေးရွာ အနောက်ဘက် မုံရွာ-အရာတော်-ရွှေဘိုသွား ကားလမ်း၊ မိုင်တိုင် အမှတ်(၂၁/၀)အနီးတွင် ကျောက်သယ်ယာဉ် နှင့် ဆီသယ်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားပြီး မီးလောင်ခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း မြန်မာ နိုင်ငံ မီးသတ် ဦးစီး ဌာနထံမှ သိရသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

သပိတ်ကျင်းမြို့နယ် မြင်သာကျေးရွာ၌ ဘတ္ထရီအိုးဖြင့် မီးထွန်းထားရာမှ ၀ါယာရှော့ ဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

 

မန္တလေးတိုင်းဒေသကြီး မန္တလေးလေဆိပ်၌ စက်ချို့ယွင်း၍ အရေးပေါ်ဆင်းသက်ခဲ့ရသော စင်္ကာပူလေကြောင်းလိုင်းမှ လေယာဉ်သည် ပြုပြင်မှုပြီးစီး၍ ဖေဖော်ဝါရီ ၁၈ရက်တွင်  ပြန်လည်ထွက်ခွာသွားနိုင်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

သစ်တောစိုက်ခင်းများကို ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အထိ စီးပွားရေး စိုက်ခင်း ၁,၂၃၂,၃၆၅ ဧက၊ ရေဝေ ရေလဲ စိုက်ခင်း ၃၄၁,၁၅၉ ဧက၊ စက်မှုကုန်ကြမ်းစိုက်ခင်း ၁၇၉,၁၂၁ ဧက၊ ကျေးရွာထင်းစိုက်ခင်း ၄၄၉,၅၈၆ ဧက နှင့် ဒီရေတော စိုက်ခင်း ၆,၄၈ဝ ဧက စုစုပေါင်း စိုက်ခင်း၂,၂ဝ၈,၇၁၁ ဧက တည်ထောင် ပြီးစီးခဲ့ကြောင်း သစ်တော ဦးစီး ဌာနမှ သိရသည်။

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းနှင့် လမ်း ၆၀ ကြား ဇ ၆ ရပ်ကွက်တွင် ယနေ့ နေ့လည် ၁၂နာရီ ၀န်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၆လုံးထိ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထံမှ သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ မီးလောင်ကျွမ်းနေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

အဆိုပါ မီးလောင်မှုကို Level-1ဖြင့် စတင်မီးငြှိမ်းသတ်ရာ မီးလောင်မှုမီးများလာသဖြင့် နေ့လည် ၁၂နာရီ ၅မိနစ်တွင် Level 3 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း၊ ၁၂နာရီ ၁၀မိနစ်တွင် မီးထိန်းနိုင်ပြီး ၁၂နာရီ ၃၀တွင် မီးငြိမ်းသွားကြောင်း သိရသည်။မီးစတင်လောင်ကျွမ်းခဲ့သည် နေအိမ်ပိုင်ရှင်ကို ခေါ်ယူစစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီး မီးစတင်လောင်ကျွမ်း ရခြင်းအကြောင်းရင်းနှင့် ဆုံးရှုံးမှု တန်ဖိုးကို စစ်ဆေးနေကြောင်း သိရသည်။(Xinhua)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် ၃,၀၁၈.၇ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

မှော်ဘီမြို့ ၏ အရှေဘက်(၆)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် ၁၇.၁၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၀ ဒီဂရီ၊ အနက် (၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန် သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အောက်လမ်းမကြီး၊ သံလွင်ဈေးအရှေ့ စက်သုံးဆီဆိုင်သည် ဖေဖော်ဝါရီ ၁၃ ရက်၌ မီးလောင်မှုဖြစ်ပွားပြီး ကျပ် သိန်း၁၀၀ကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း မော်လမြိုင် နယ်မြေ မီးသတ်စခန်းထံမှ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၏ အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၈.၇၁)၊ အရှေ့လောင်ဂျီတွဒ် (၉၅.၂၉)၊ အနက် (၈၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အောက်လမ်းမကြီး၊ သံလွင်ဈေးအရှေ့ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မော်လမြိုင်နယ် မြေမီးသတ်စခန်း သိရသည်။