24
Fri, May
584 New Articles

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ကျောက်တောင်စောင်းပြိုကျ၍ ၂ ဦးသေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

တည်ဆောက်ဆဲသင်္ဘောအား ၀ရိန်ဆော်စဉ် မီးများပွင့်ထွက်ရာမှပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးပြီး လူအများဒဏ်ရာရရှိကြောင်း၊ ထိုပေါက်ကွဲမှု နှင့် ပတ်သက်၍  အမှုဖွင့် စုံစမ်းစစ် ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ ပန်းတောင်း-တောင်ကုတ် ကားလမ်း မိုင်တိုင်(၅၆/၁)၌ ဟွန်ဒိုင်းမီနီဘတ်စ်ကားတစ်စီး ချောက်ထဲသို့ထိုးကျတိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးပြီး ၂၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

သဲကုန်းမြို့နယ်၌ ယာဉ် ၂ စီး တိုက်မှုကြောင့် တိမ်းမှောက်မီးလောင်ပြီး ၁၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မာန်အောင်လေဆိပ်၌ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်ငယ် စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

လာနီညာဖြစ်ပေါ်မှုခန့်မှန်းသည့် သင်္ချာပုံစံမော်ဒယ်များအရ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၈ခုနှစ်၊ မတ်လအထိ လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်းမှာ ၈၇% အထိ ရှိနေပြီး၊ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ- မတ်လ- ဧပြီလတွင် ၆၀%၊ ၂၀၁၈ခုနှစ်၊ မတ်လ- ဧပြီလ- မေလတွင် ၄၃% သို့ ပြန်လည်လျော့ ကျလာနိုင်ပြီး၊ ပုံမှန်ဖြစ်မြဲအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည့် ရာခိုင်နှုန်းမှာ ၅၄% ဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ယနေ့ မြန်မာစံတော်ချိန် (၁၁)နာရီ (၁၁)မိနစ် (၄၄)စက္ကန့် အချိန်တွင် ရခိုင်ပြည်နယ် သံတွဲမြို့ ၏ တောင်၊ အနောက်တောင်ဘက် (၁၇)မိုင် ခန့်အကွာ ၊ ငပလီကမ်းခြေအနီး  အနက် (၃၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မန္တလေးလေဆိပ်၌ စင်္ကာပူလေကြောင်းလိုင်းမှ လေယာဉ် ၁ စင်း အင်ဂျင်ချို့ယွင်း၍ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ နန်းဖာလုံဈေးကြီးသည် ဖေဖော်ဝါရီ ၇ ရက်နေ့ ည၁၁နာရီ ၀န်းကျင်က မီးစတင်လောင်ကျွမ်းရာ ဆိုင်ခန်းပေါင်း ၅၀၀ကျော် နှင့် ဈေးနှင့် ကပ်လျက်ရှိသော နေအိမ် ၆လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၁)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာအရှေ့၊ အင်းယားကန်ပေါင်ဘေးတွင် ယနေ့ နံနက် ၃နာရီခွဲခန့်တွင် ပြိုင်ကား တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ မီးလောင်ရာတွင် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်တို့ရောက်ရှိ လာရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။(Xinhua)