23
Mon, Sep
527 New Articles

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Biman Bangladesh Airlines မှလေယာဉ်တစ်စင်း ယနေ့ ည ၆နာရီ ၄၅မိနစ်တွင် ပြေးလမ်းချော်ကာ လေယာဉ်ပျက်စီးမှုဖြစ်ပွားရာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း လေဆိပ်မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနကို အတည်ပြုပြောကြားသည်။

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

အနောက်တောင်မုတ်သုံလေသည် မေလ ၁၈ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ မေ ၈ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့၊ (၅)ရပ်ကွက်ရှိ ဖုန်းအရောင်းဆိုင်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၀၀ ကျော်ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ရှိ မြို့နယ်တစ်ချို့ နှင့် ကျေးရွာတစ်ချို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မေ ၄ရက်နှင့် ၅ရက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၀၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ မေ ၅ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့နယ် ကျေးတောဘူတာနှင့် တောင်ငူဘူတာကြားတွင် မေ ၄ ရက်တွင် မော်တော်ယာဉ် တစ်စီးသည် တရားမဝင် သံလမ်းကူး အား ဖြတ်သန်းမောင်းနှင်စဉ် နေပြည်တော်-ရန်ကုန် အမှတ်(၃၂)အစုန်ရထားက ဝင်ရောက် တိုက်မိခဲ့မှုကြောင့် ယာဉ်မောင်း ဖြစ်သူမှာ သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ငွေကျပ် ၃၈၉၂.၂ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏အရှိန်ကြောင့်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေ ဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း ဖန်နီ(FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိကြောင်း ယနေ့ မေလ ၃ ရက် နေ့လည် ၁၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။