17
Sat, Nov
684 New Articles

ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

ရန်ကုန်မြစ် အတွင်း အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၁၂ ရက် အထိ အခြေခံ ရေစစ်မျဉ်း အထက် အမြင့်ပေ (၂၀.၂၁)ပေခန့် မှ (၂၀.၉၃)ပေခန့် အထိ သာမန်ထက် ထူးကဲဒီရေ တက်ဖွယ်ရှိကြောင်း မြန်မာ ဆိပ်ကမ်း အာဏာပိုင်မှ သတိပေးချက် အသိပေး ထုတ်ပြန်ထားသည်။

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၏ အနောက်ဘက် (၁၀) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၀.၅၈)၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၉)၊ အနက် (၈)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွား ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ယမန်နေ့ည ၈ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်း၍ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၂၉ အနီးတွင် အောက်တိုဘာ ၁ ရက် ည ၁၁ နာရီခန့်က ခရီးသည်တင် Express ၂ စီးတိုက်မိ၍ ခရီးသည် ၁၄ ဦး သေဆုံးပြီး ၄၂ ဦး အတွင်းလူနာအဖြစ် နေပြည်တော် ကုတင် ၁၀ဝဝ ဆေးရုံကြီးတွင် တင်ထားရကြောင်း ပန်းခြံအမြန်လမ်းစခန်းမှူးက ဆင်ဟွာကို ပြောသည်။

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ကွန်ပရက်ဆာဂက်စ်အိုးပေါက်ကွဲ၍ အမျိုးသား ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့၏ အရှေ့မြောက်ဘက် (၆) မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၂၂.၆၂)၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄)၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.၂)အဆင့်ရှိအင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

 

ရန်ကုန်၊စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) 

စက်မှုလုပ်ငန်းများနှင့် မြို့ပြတိုးချဲ့မှုများ ကြောင့် မြေ၊ ရေ၊ လေ စသည့် ပတ်ဝန်းကျင် အရည်အသွေးကျဆင်းမှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများမရှိအောင် အလေးထားဖြေရှင်း ဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗ ဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေး၌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ်တချို့ တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်သည်  အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးနှင့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အနောက်တောင်မုတ်သုံလေသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ  ၆ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှဆုတ်ခွာသွားဖွယ်ရာရှိကြောင်း၊ အောက်တိုဘာလတွင်  ဘင်္ဂလားပင်လယ်အော် ၌ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊တစ်ကြိမ်တွင် မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ လပတ် မိုးလေဝသခန့်မှန်းချက်အား မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။